Download video

Angrezi Medium (2020)

0 views
0%

ဒီတစ်ခါမှာတော့ကြည့်နေရင်းပြုံးပြုံးကြီးဖြစ်နေပြီး နွေးထွေးတဲ့မေတ္တာကိုခံစားရမယ့် အိန္ဒိယဟာသဒရမ်မာ ကားလေးပါ။

Gasiteram မိသားစုကြီးဟာ မုန့်ချိုဆိုင်တွေဖွင့်တဲ့စီးပွားရေးကိုလုပ်ကိုင်ကြပါတယ်။ ပြီးတော့အမြဲတမ်း မူပိုင်ခွင့်နဲ့ပတ်သတ်ပြီးအငြင်းပွားနေတတ်ကြပါတယ်။



အဓိကဇာတ်ကောင်ဖြစ်တဲ့ချမ်ပက်ခ်ဟာ တစ်ခုလပ်ပါ သူ့မှာတာရီကာဆိုတဲ့သမီးလေးရှိပါတယ်။ တာရီကာလေးကငယ်ငယ်ထဲက နိုင်ငံရပ်ခြားမှာနေဖို့ စွဲလမ်းနေသူလေးပါ။ဆယ့်ရှစ်နှစ်ပြည့်ပြီးတက္ကသိုလ်တက်တဲ့အခါ မိဘနဲ့ခွဲပြီးနေမယ် ဘိုဆန်ချင်တယ်ပေါ့။

ဒီလိုနဲ့သူ့သမီးလေးကပညာသင်ဆုရပြီး အထက်တန်းကျောင်းကတဆင့် လန်ဒန်မှာတက္ကသိုလ်တက်ဖို့အခွင့်အရေးရခဲ့ပါတယ်။



ဒါပေမယ့် ချမ်ပက်ခ် တစ်ယောက်အလွဲတွေလုပ်မိတာကြောင့် ဒီအခွင့်အရေးကိုဆုံးရှုံးလိုက်ရပါတော့တယ်။

ဒီအခါမှာ အဖေတစ်ယောက်အနေနဲ့ သူ့သမီးလေးရဲ့ ဆန္ဒတွေပြည့်ဝဖို့ လန်ဒန်မှာစာသင်ခွင့်ရဖို့အရေးဘယ်လိုတွေ ရုန်းကန်ရမလဲ။ အလွဲလေးတွေနဲ့ ကြည့်လို့ပျော်မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။



မအူမလည်ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့မေတ္တာတရားနဲ့သူ့ရဲ့စွန်းစားခန်းတွေကိုလည်းကြည့်ရမှာပါ။ ဒီကားကအရမ်းငိုရမယ့်အခန်းတွေမပါပေမယ့် ဒရမ်မာဟာသရသကိုအပြည့်ပေးနိုင်မယ်လို့ထင်ပါတယ်။
Crd:Gold Channel


About the author: manager
Tell us something about yourself.
Advertisements
From:
Date: May 10, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet