Download video

Dawn of the Planet of the Apes (2014)

0 views
0%

Synopsis

Dawn of the Planet of the Apes (2014)

ဂိုးဒင်းဂိတ်တံတားကတိုက်ပွဲ​အပြီးမှာ​တော့ အ​မေရိကန်နိုင်ငံသာမက တစ်ကမ္ဘာလုံးနီးပါးမှာ ဆီမီရန် ဖလူလို့ အမည်​ပေးထားတဲ့ ကူးစက်​ရောဂါဖြစ်ပွားပါ​​တော့တယ်။ ထိုကူးစက်​ရောဂါက​တော့ ​ဝေလ်တို့ရဲ့ ဓါတ်ခွဲခန်းက​နေထွက်လာတာဖြစ်ပြီး​တော့ ​အဲ့ဒီက​နေလွတ်လာတဲ့ ​မျောက်ဝံ​တွေက​နေတစ်ဆင့် လူ​တွေဆီကို ကူးစက်သွားတာပါ။ ထိုကူးစက်​ရောဂါဖြစ်ပွားပြီး အချိန်အ​တော်အကြာမှာ​တော့ ဆီဇာတို့ အုပ်စုက ​တောထဲမှာအ​ခြေကျ​​နေကြပါပြီ။ လူသား​တွေက​တော့ အဆက်အသွယ်​တွေပါပြတ်ပြီး ဒီ​ရောဂါကို ခုခံနိုင်တဲ့လူတစ်စုပဲ ကျန်ရှိပါ​တော့တယ်။

ဖြစ်ချင်​တော့ ရှင်ကျန်တဲ့သူ​တွေထဲက မယ်လ်ကွန်တို့အုပ်စုက ဆီဇာတို့ရဲ့​တောထဲကို သွားဖို့အ​ကြောင်းဖန်လာပါ​တော့တယ်။ အ​ကြောင်းက​တော့ ကျန်တဲ့​နေရာ​တွေနဲ့ ဆက်သွယ်ဖို့အတွက် ဓါတ်အားမလုံ​လောက်တာပါ။ အဲ့ဒါ​ကြောင့် ဆီဇာတို့​တောထဲက ​ရေကာတာအ​ခြေအ​နေကို သွားကြည့်ရပါ​တော့တယ်။ မယ်လ်ကွန်တို့နဲ့ ဆီဇာတို့နဲ့ ဘယ်လိုဆက်ဖြစ်မယ်။ ဆီဇာက​​ရော သူ့သခင်​ဝေလ်​ခေါ်တာကို မလိုက်ခဲ့ပဲ ဒီအချိန်ကျမှပြန်သွားပြီး ဘယ်လိုဇာတ်​တွေဖြစ်မလဲဆိုတာကို​တော့…..
Crd:Gold Channel

About the author: manager
Tell us something about yourself.
Advertisements
From:
Date: June 5, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet