Download video

Desperados (2020)

0 views
0%

ဒီတစ်ခါတော့ Netflix ကနေ ဇူလိုင်လ (၃)ရက်နေ့ပူပူနွေးနွေး ထုတ်လွှင့်ပြသထားတဲ့ ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးပါရစေ။Desperados ဆိုတဲ့ ဇာတ်လမ်းလေးပါ။နမူနာ ထွက်လာကတည်းက အတော်ခွီရမယ့်ကား ဆိုတာ
တော်တော်များများ သိထားကြမှာပါ။တကယ် ပြတော့လည်း အဲဒီအတိုင်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အပျိုကြီးမမတစ်ယောက်ယောကျာ်းလိုချင်ရာကနေ စတဲ့ဇာတ်လမ်းပါပဲ။ဘဝကို ပေါ့ပေါ့ပါးပါး နဲ့ တလွဲတွေ ဖြတ်သန်းနေတဲ့အပျိုကြီး မမတစ်ယောက်။အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အပျိုကြီး မမတစ်ယောက်။အလုပ်အကိုင်လည်း အဆင်မပြေ၊ အချစ်ရေးလည်းအဆင်မပြေ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တော့စိတ်ဓာတ်တွေ အကြီအကျယ် ကျနေခဲ့ရတာပါ။ဒီအချိန်မှာပဲ သူ့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပါတော့တယ်။ဒီအမျိုးသားရှေ့မှာတော့ ဒီအမျိုးသားကို လက်မလွှတ်ရဖို့အရေးသူက အိန္ဒြေကြီးတဲ့ အမျိုးသမီးအနေနဲ့ ဟန်ဆောင်ပါတော့တယ်။ဒါပေမယ့် သူတို့ ရည်းစားဖြစ်ပြီး တစ်နေ့မှာတော့သူ့ရည်းစားက ၅ ရက်လောက် ပျောက်သွားခဲ့ပါတယ်။အပျိုကြီးက ပေါက်ကွဲပြီး ရည်းစားဆီကိုဆဲရေးထားတဲ့ အီးမေးလ်တစ်စောင် ပို့လိုက်ပြီးတဲ့အချိန်မှာပဲရည်းစားဆီက ဖုန်းဝင်လာပါတော့တယ်။သူ့ရည်းစားက မက္ကဆီကိုမှာ မတော်တဆမှုဖြစ်ပြီးဆေးရုံရောက်နေတယ်လို့ သိရတဲ့အချိန်မှာမက္ကဆီကို ကို လိုက်ပြီး လက်ပတော့ထဲက အီးမေးလ်ကိုဖျက်ဖို့ ကြိုးစားရပါတော့တယ်။ဟာသကားတစ်ကား အနေနဲ့ တော်တော်လေးကောင်းတဲ့အပြင် အချစ်ကို ပုံဖော်သွားတာကလည်းလှပတဲ့အတွက် တော်တော်များများ သဘောခွေ့မယ့် ဇာတ်ကားပါပဲ။အချစ်အကြောင်းကတော့ စပွိုင်းသလိုဖြစ်သွားမှာစိုးတဲ့အတွက် ကြည့်လိုက်ကြပါ။IMDb – 5.2/10 ဆိုပေမယ့်တော်တော်လေး Entertain ဖြစ်တဲ့ ကားတစ်ကားပါ။
Crd:Channel Myanmar

About the author: manager
Tell us something about yourself.
From:
Date: July 16, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet