Synopsis
Fatima (2020)
===================
ဒီတစ်ခါ Gc ပရိတ်သတ်ကြီးအတွက် သမိုင်းနောက်ခံ ဘာသာရေးကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းလေးကို ညွှန်းရမယ်ဆိုရင် ပေါ်တူဂီနိုင်ငံမှာရှိတဲ့ Fatima ဆိုတဲ့ရွာလေးမှာ သိုးကျောင်းသားလေးသုံးယောက်ဟာ သန့်စင်သောမယ်ရီကို တွေ့မြင်လိုက်ရပါတယ်။ ဘုရားသခင်ရဲ့ မယ်တော်မယ်ရီကို ဘာသာရေးခေါင်းဆောင်တွေတောင် တွေ့ခွင့်မရဘဲ ဘာကြောင့် သူတို့သုံးယောက်ပဲမြင်တွေ့ခွင့်ရတာလဲဆိုပြီး အတိုက်အခိုက်တွေ ရှိလာပါတော့တယ်။
ဘာသာရေး အယုံအကြည်မရှိတဲ့ အုပ်ချုပ်ရေးပိုင်းက အရာရှိဟာလည်း ဒါဟာလုပ်ကြံဇာတ်ဖြစ်ကြောင်းပြောပြီး ဒီကလေးသုံးယောက်ကို အန္တရာယ်ပြုလာတဲ့အခါ………. သူတို့သုံးယောက် မယ်တော်မယ်ရီတကယ်ရှိတယ် သူတို့တွေတကယ်မြင်ရတယ်ဆိုတာကို ဘယ်လိုသက်သေပြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်ကားလေးဟာ ကြည့်နေရင်းပြီးသွားမှာတောင် စိုးရတဲ့အထိ ကြည့်ကောင်းတာမို့ Gc ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ရပါတယ်။
Crd:Gold Channel