Kannum Kannum Kollaiyadithaal(2020)
IMDb..7.7
App Developerနဲ့ Animator တို့ သူငယ်ချင်း ၂ယောက် ရှိတယ်။
နည်းပညာသမား သူငယ်ချင်း၂ယောက်ပေါ့။
အမြဲလိုလို သောက်လိုက်စားလိုက်၊ ပါတီသွားလိုက်၊
မိန်းမပွေးလိုက်နဲ့ သူတို့ဘဝက လောကနိဗ္ဗန်ပဲ….
မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ ဘဝကိုတည်ငြိမ်သွားစေမဲ့
ချစ်သူလေးကိုယ်စီတွေ့ဖို့အကြောင်းဖန်လာခဲ့တယ်…
တကယ်တော့ ဒီနည်းပညာသမား(၂)ယောက်ဟာ သူတို့တတ်စွမ်းတဲ့
ပညာကိုအသုံးချပြီး ခိုးမှုများစွာကျူးလွန်ထားတဲ့သူတွေဖြစ်ကြပါတယ်…
ဘဝကိုတည်တည်ငြိမ်ငြိမ်လေးနေဖို့ကြိုးစားခါမှ
သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုအတွက်
ရဲချုပ်ကြီးဟာ မီးခိုးကြွက်လျှောက် လိုက်လံစုံစမ်းပါတော့တယ်…
ရဲချုပ်ကိုယ်တိုင် အင်တိုက်အားတိုက်လိုက်လံဖမ်းဆီးရအောင် သူတို့ ဘယ်လောက်ဆိုးတဲ့
အမှုတွေကျူးလွန်ခဲ့လဲ…ဒီအမှုတွေကြောင့် နောက်ဆက်တွအကျိုးဆက်တွေဘယ်လိုဖြစ်မလဲ…
သူတို့(၂)ယောက်ကရော ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကိုတော့….
Crd: Channel Myanmar