==========
IMDb Rating – 6.7/10
#Unicode
ဇာတ်လမ်းတည်ဆောက်ပုံက Breaking Bad Series နဲ့ နည်းနည်းဆင်တယ်….
BrBa မှာ Meth ချက်ပေမယ့် ဒီကားမှာတော့ လိုကို(Loco) ချက်တာပေါ့။ လိုကိုဆိုတာ
မူးယစ်ဆေးတစ်မျိုးရဲ့နာမည်ပါ။ မက္ကဆီကို နယ်မြို့လေးတစ်ခုမှာ အကောင်းဆုံး Drug
တစ်မျိုးလို့လည်းပြောလို့ရတယ်။ ဒီ မူးယစ်ဆေးလောကထဲကို အဲလက်စ်ဆိုတဲ့ ကောင်လေး
တစ်ယောက်ကို လက်စတာဆိုတဲ့ လိုကိုချက်တဲ့ မူးယစ်ရာဇာတစ်ယောက်ကခေါ်သွင်းခဲ့တယ်
( မသိရင် ဝေါ်တာ ဝှိုက်နဲ့ ဂျက်ဆီပင့်မန်းအတိုင်းပဲ)။ အဲလက်စ်တို့အဖွဲ့ဟာ တစ်ဖက်မှာလည်း
မူးယစ်လောကမှာ ဘုရင်လို့ပြောလို့ရတဲ့ တလာမိုကိုရှောင်ရပါတယ်။ တလာမိုဆိုတာ နာမည်
သာကြားဖူးပြီး ဘယ်သူမှမမြင်ဖူးတဲ့ ဆရာကြီးပေါ့။ အဲလက်စ်ဟာ တလာမိုနဲ့သွားရှုပ်မိပြီး
လက်စတာ, တလာမို မူးယစ်ရာဇာ ၂ ယောက်ရဲ့ အားပြိုင်မှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
တလာမိုဆိုတာ ဘယ်သူဖြစ်မလဲ …..
အဲလက်စ်တို့အဖွဲ့ရော တလာမိုလက်အောက်က လွတ်နိုင်မှာလား …..
ဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်း Climax လို့ပြောလို့ရတဲ့ Ending ပိုင်းမှာ
wtf လို့ထယောင်မိအောင် plot ပိုင်းကမိုက်ပါတယ်။ ဇာတ်ကားကောင်းတွေရှားတဲ့ Covid
ကာလမှာ ချွေးသိပ်စရာဇာတ်ကားတစ်ခုဖြစ်စေမှာပါ။
CRd:Channel Myanmar