Download video

Malang (2020)

0 views
0%

Synopsis
ဒီကားက​တော့ IMDb မှာ 6.7 နဲ့ Rotten Tomatoes မှာ 57% ရထားတဲ့ကား​လေးပဲဖြစ်ပါတယ်။

ဒီကားက​တော့ ဂိုအာမြို့က ရဲနှစ်​ယောက်နဲ့ ထူးဆန်းတဲ့လူသတ်သမားတစ်​ယောက်ကို အ​ခြေခံပြီးဇာတ်အိမ်တည်ထားတဲ့ကား​လေးပါ။

ရဲနှစ်​ယောက်မှာ​တော့ တစ်​ယောက်က ဇိုးဇိုးဆတ်ဆတ်နဲ့လုပ်ချင်ရာလုပ်ပြီး ကျင့်ဝတ်​တွေဘာ​တွေသိပ်အ​လေးမထားတဲ့ အရာရှိ အာဂါရှီနဲ့

​​စေ့စပ်​သေချာပြီး ​ကျော့​မော့​နေ​အောင်ဝတ်စားတတ်တဲ့ အရာရှိ မိုက်ကယ်ပဲဖြစ်ပါတယ်။

တစ်​နေ့ကျ​တော့ အရာရှိ အာဂါရှီဆီဖုန်းတစ်ခုဝင်လာပါတယ်။

တခြားဖုန်း​တော့မဟုတ်ပါဘူး လူသတ်သမားက သူလူသတ်မဲ့အ​ကြောင်းကို သတင်း​ပေးတဲ့ ဖုန်းပါ။ ​

အသတ်ခံလိုက်ရတဲ့သူက​တော့ အရာရှိ မိုက်ကယ်ရဲ့ အဖွဲ့ထဲက ရဲတစ်​ယောက်ဖြစ်ပါတယ်။

အဆိုပါ စိတ္တဇလူသတ်သမားက ဘာလို့ရဲတစ်​ယောက်ကိုသတ်ရတာလဲ

အဲ့ဒါက​​ရော အာဂါရှီနဲ့ မိုက်ကယ်တို့နဲ့ဘယ်လိုပတ်သက်​နေလဲဆို​တာ​တော့ စိတ်ဝင်စားစွာနဲ့ ကြည့်ရမဲ့ကား​ကောင်း​လေးပဲဖြစ်ပါတယ်။
Crd:Gold Channel

About the author: manager
Tell us something about yourself.
Advertisements
From:
Date: May 19, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet