Synopsis
Miss India (2020)
===========================
Netflix ကနေ အသစ်ထွက်ရှိလာတဲ့ အိန္ဒိယကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
အိန္ဒိယကားတွေရဲ့ ထုံးစံအတိုင်း အမျိုးသမီးတွေကို ဖိနှိပ်ပြီး အမျိုးသားတွေကိုဦးစားပေးတဲ့လောကကြီးကနေ ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အမျိုးသမီးငယ်လေး အကြောင်းကို ရိုက်ကူးထားတာပါ။
ဆန်မြူသာဆိုတဲ့ မိန်းမငယ်လေးဟာ အိန္ဒိယနိုင်ငံက ရွာလေးတစ်ရွာမှာ ကြီးပြင်းခဲ့တဲ့ သာမာန်လူလတ်တန်းစားမိသားစုက ကလေးပါ။ သူမဟာ အဖိုးဖြစ်သူနဲ့ အနေနီးပြီး အဖိုးဖြစ်သူဟာ တိုင်းရင်ဆေး ဆရာကြီးပါ။ အဖိုးဟာ တိုင်းရင်းဆေးတွေထည့်ပြီး နှပ်ထားတဲ့ လက်ဖက်ရည်ကိူ လူနာတွေကိုတိုက်လေ့ရှိပါတယ်။
ဆန်မြူသာရဲ့ ရည်မှန်းချက်က MBA ပြီးအောင်တက်ပြီး ကိုယ်ပိုင်စီးပွားရေးလေး လုပ်ချင်တာပါ။ ကံအကြောင်းမလှလို့ US ကို ပြောင်းလာရပြီး သူမရဲ့အိမ်မက်ကို သွားရာလမ်းတွေ ပိတ်သလိုဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဇွဲကြီးလှတဲ့ ဆန်မြူသာတစ်ယောက် သူမရဲ့အိမ်မက်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းကို US မှာစတင်ဖို့ကြိုးစားခဲ့ပြီး..စီးပွားရေးဆိုတာ ယောက်ျားတွေရဲ့အလုပ်ဟု ယူဆထားတဲ့ ပြိုင်ဖက်တွေကို အလဲထိုးနိုင်မလားဆိုတာ ဒီကားလေးမှာ ကြည့်ရှုပေးပါဦး။
Crd:Gold Channel