Download video

Monos (2019)

0 views
0%

“နာမည်ကျော် Gummy Bearလို့ခေါ်တဲ့ ၀က်ဝံရုပ်မုန့်ကလေး
တွေကို 1992မှာ စတီထွင်ခဲ့တယ်။ ဒီမုန့်ကလေးတွေဟာ
အေးဆေး ဝါးလို့ရအောင်နူးညံ့ရတယ် ဒါပေမယ့် သူ့ပုံစံဖြစ်တဲ့
၀က်ဝံရုပ်ကလေးမပျက်အောင် မာကျောရမယ်။
အဲ့ဒီလိုမျိုးအရည်အသွေး မပါရှိတဲ့မုန့်တွေ ထုတ်လုပ်မှုမှာ
ပါမပါ စစ်ဆေးဖို့က‌၁၅နှစ်ဝန်းကျင်လောက်ရှိတဲ့
ကလေးတွေရဲ့ အလုပ်ပါပဲ။”

ဒါကရုပ်ရှင်ထဲက တီဗီမှာလာနေတဲ့ သတင်းပါပဲ။
ကလေးသာသာအရွယ်ကလေးတွေဟာ မုန့်မြည်းတဲ့
အလုပ်လောက်ပဲ လုပ်သင့်ပါတယ်။ ဒါပေမယ့်
ဒီသတင်းကိုကြည့်နေတဲ့ ၁၅နှစ်သားကောင်လေးရဲ့
အလုပ်ကတော့ စစ်တိုက်ရတာပါ။ ၂၀မကျော်တဲ့
ကလေးတစ်အုပ်ကို စစ်တိုက်ဖို့ လေ့ကျင့်ပေးထားပြီး
သူတို့အဖွဲ့ကို Monosတွေလို့ခေါ်ပါတယ်။သူတို့
ဘယ်ကလာလဲ ဘယ်လိုသူပုန်ဖြစ်လာလဲ မပြပေမယ့်
သူတို့ရှင်သန်ရတဲ့ဘ၀ကိုတော့ ‌ဆေးမှင်ရည်စုတ်ထိုးသလို
ထင်းနေအောင်ကို ပြသွားတယ်

Monosလို့ခေါ်တဲ့ ကလေးတစ်အုပ်ကို သူပုန်
အဖွဲ့အစည်းက သုံ့ပန်းဖမ်းထားတဲ့ အမေရိကန်
အင်ဂျင်နီယာမတစ်ယောက်ကို စောင့်ကြည့်ဖို့
တာ၀န်ပေးထားတယ်။တစ်ဆက်တည်းမှာပဲ
ရိက္ခာအတွက် နို့စားနွားမတစ်ကောင်ငှားပေးထားတယ်။
ငှားပေးတယ်ဆိုတာ စစ်ဆင်းရေးပြီးရင် ပြန်ပေးရမယ့်
သဘောပါပဲ။ သူတို့ကိုပေးထားတဲ့တာ၀န်မှာ
နံပါတ်တစ်အရေးကြီးတာက စစ်သုံ့ပန်းမလွတ်အောင်
ကြည့်ရမယ်။နံပါတ်နှစ် အရေးကြီးတာက နွားမကို
သေချာစောင့်ရှောက်ရမယ်။ ဒါပေမယ့် ကလေးတွေထဲက
တစ်ယောက်က နွားမကိုသေနတ်နဲ့ပစ်မိသွားပါတယ်။
ဒီနွားတစ်ကောင်သေတဲ့အတွက် သူတို့ထဲက
တာ၀န်ယူထားတဲ့တစ်ယောက်က ကွပ်မျက်ခံရမှာပါ။
ဒါပေမယ့် သူ့ကို အားပေးမယ့်သူ ဘယ်သူမှမရှိပါဘူး
ကျန်တဲ့ကလေးတွေအကုန်လုံးဟာသေသွားတဲ့
နွားကိုပေါ်ရင်းအလုပ်များနေကြတယ်။ ဒီမှာပဲ
အဲ့ဒီကောင်လေးဟာ သူ့ကိုယ်သူသတ်သေသွားတယ်။
သူတို့အသက်ဟာ နွားတစ်ကောင်လောက်မှ တန်ဖိုး
မရှိတာလားတော့မသိပါဘူး။ ဒီအကြောင်းကို
သတင်းပို့တဲ့အချိန်မှာလည်း သူတို့ခေါင်းဆောင်လူကြီးက
အမှတ်မသားမရှိတဲ့မြေပုံမှာမြှပ်ဖို့နဲ့ ပစ္စည်းတွေကို
ခွဲယူလိုက်ဖို့ကလွဲ ဘာမှထွေထွေထူးထူးပြောမနေဘဲ
သူတို့ဖမ်းထားတဲ့သူ အသက်ရှိကြောင်းသက်သေ
လိုတယ်ပဲပြောတယ်။ Monosဟာ ဒီလို ရှင်လည်း
တန်ဖိုးထားမခံရတဲ့ သေလည်းသတိရမယ့်သူမရှိတဲ့
ကလေးတစ်အုပ်ရဲ့ ဇာတ်လမ်းပါပဲ။

တစ်ခါတလေကျ ကျွန်တော်တို့ကမ္ဘာကြီးကို
ရက်စက်တဲ့ကမ္ဘာကြီးလို့ဆိုရင် ငြင်းရက်စရာမရှိပါဘူး။
Monosကတော့ ခင်ဗျားကို ရက်စက်တဲ့ကမ္ဘာထဲက
ပိုခက်တဲ့ဘ၀တွေဆီ ခေါ်သွားပါလိမ့်မယ်။

War Filmအမျိုးအစားပေမယ့် ထူးတာက
သူပုန်တွေဘက်က အခြေအနေကို ရိုက်ပြထားတာပါပဲ။
Film Festivalအတော်များများမှာ Best Filmဆုရထားတဲ့အပြင်
2019မှာထွက်ခဲ့တဲ့ War Filmတွေထဲမှာ 1917ပြီးရင်
အကောင်းဆုံး War Filmပါပဲ။

Crd:Channel Myanmar

Leave a Reply