Download video

Nine Lives (2016)

0 views
0%

နာမည်ကျော် သူဌေးကြီး တွမ်ဘရန့် ဟာ သူ့မြို့မှာအထပ်အမြင့်ဆုံး အဆောက်အဦးတစ်ခုကို တည်ဆောက်ပြီးမှတ်တမ်းဝင်နိုင်ဖို့ လုပ်နေပါတယ် ဒါပေမယ့်သူ့သမီးလေး မွေးနေ့ကိုလဲ မေ့နေပြန်တဲ့အလွန်အလုပ်များတဲ့ သူတစ်ဦးပါ…
တွမ် မှာ ပထမ အိမ်ထောင်ရှိခဲ့ပြီး သားတစ်ယောက် ရှိပြီးထိုသားဖြစ်သူ ဒေးဗစ် မှာလဲ ဖခင် ၏ အသိအမှတ်မပြုခံရတဲ့အပြင်ဖခင် အား မြင်ချင်တွေ့ချင်သဖြင့် ဖခင် ၏အလုပ်တွင် ဝန်ထမ်းလာလုပ်နေရသူ ဖြစ်ပါတယ်…



မိသားစု အား အမြဲလိုလို အချိန်ပေးဖို့ မစဉ်းစားပဲ မိမိအလုပ်ကိုသာ ဦးစားပေးတက်သော တွမ် ၏ ဒုတိယ အိမ်ထောင်တွင်ရရှိထားသော သမီးဖြစ်သူ ရေဗက္ကာ သည်အထီးကျန်နေသော သူမ အတွက် ကြောင်ကလေး တစ်ကောင် ပူဆာသဖြင့်ကြောင်မုန်းလှသော တွမ် တစ်ယောက် လမ်းဘေးချောင်ကြိုချောင်ကြား တစ်ခု မှမစ်စတာ ပါကာ ၏ ကြောင်သီးသန့် ရောင်းသောဆိုင်သို့ ရောက်ရှိသွားပြီးကြောင်လေးတစ်ကောင်ကို ဝယ်ယူလိုက်ပါတယ်…



ထိုဝယ်ယူလိုက်သော နေ့မှာပဲ တွမ် တစ်ယောက်ကံဆိုးမိုးမှောင်ကျကာ သူ ပြိုင်ဆိုင်ဆောက်နေသော အထပ်အမြင့်တိုက်ပေါ်မှ ပြုတ်ကျကာမသေရုံတမယ် မေ့မျှောသွားပါတော့တယ်…သူပြန်သတိရလာသော အခါတွင်တော့သူဌေးကြီး တွမ်ဘရန့် မဟုတ်တော့ပဲသူ့သမီးကို လက်ဆောင်ပေးရန် ဝယ်ယူလာသောကြောင်လေး တစ်ကောင်သာ ဖြစ်သွားခဲ့သောအခါ…..
Crd:Channel Myanmar


About the author: manager
Tell us something about yourself.
Advertisements
From:
Date: June 25, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet