Download video

One Sunny Day (2014)

0 views
0%

ဒီတစ်ခါတော့ Romance ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။
ဒီဇာတ်ကားက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး
နာမည်ကြီး မင်းသားနဲ့ မင်းသမီးဖြစ်ကြတဲ့ So Ju Sub နဲ့ Kin Ji Won တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ် ။ဇာတ်လမ်းအကျဉ်းကင်ဂျီဟိုက လတ်တလော ရည်းစားနဲ့ လမ်းခွဲထားလို့ အသဲကွဲနေတဲ့ လူတစ်ယောက်ပါ
စိတ်ကို အပန်းပြေစေဖို့အတွက် အလုပ်ကိစ္စနဲ့ ဂျယ်ဂျူကျွန်းကို ခရီးထွက်သွားခဲ့ပါတယ် ။ဂျယ်ဂျူကိုရောက်ပြီးတဲ့နောက်မှာတော့ သူတည်းတဲ့ တည်းခိုခန်းသူခိုးဝင်သွားလို့
ပိုက်ဆံအိတ်နဲ့ ကတ်တွေ ကင်မရာတွေ ခိုးခံခဲ့ရပါတယ် ။



ရဲစခန်းကို သွားရောက်တိုင်ကြားတဲ့ အခါမှာတော့ အမှတ်မထင်ပဲ သူ့လိုအဖြစ်မျိုး ကြုံခဲ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ် ။အဲ့နောက်မှာတော့ လက်ရှိတည်းခိုခန်းက ထွက်ခဲ့ပြီး အဲ့မိန်းကလေးနဲ့ တည်းခိုခန်း တူတူတည်းခဲ့ကြပါတယ် ။အမှတ်မထင်ပဲ အဖြစ်ပျက်ချင်းတိုက်ဆိုင်ပြီး လာဆုံကြတဲ့ သူတို့နှစ်ယောက်က
နောက်ထပ် တိုက်ဆိုင်မှုတွေကိုလည်းထပ်ကြုံရဦးမှာပါ…သူတု့ိတွေ ဘာတိုက်ဆိုင်မှုတွေ ထပ်ကြုံရဦးမှာလဲ
ဂျီဟိုရဲ့ အသည်းကွဲဝေဒနာကိုရော အဲ့မိန်းကလေးက ကုစားပေးနိုင်မှာလားဆိုတာကို
ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုရင်း
ဂျယ်ဂျူကျွန်းရဲ့ လှပတဲ့ ရှုခင်းတွေကိုပါ ခံစားကြည့်ရှုလိုက်ပါနော်…။
Crd:Channel Myanmar


About the author: manager
Tell us something about yourself.
From:
Date: June 22, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet