Download video

SamSam (2019)

0 views
0%

SamSam (2019)

=============

IMDb Rating – 5.6/10

ဒီတစ်ခါကားလေးကတော့တကယ်ကိုsweetဖြစ်တဲ့ဇာတ်အိမ်လေးနဲ့ပါ။ ဇာတ်လမ်းလေးက စကြဝဠာထဲကဂြိုဟ်အသီးသီးမှာ

နေထိုင်ကြတဲ့လူမျိုးလေးတွေအကြောင်းဇာတ်အိမ်တည်ထားတာပါ။ ကားနာမည်ကဇာတ်လိုက်ကောင်လေးရဲ့နာမည်ပါ

ကားလေးကအစပိုင်းမှာအမြင်ဆန်းပါမယ်။ ၃မိနစ်လောက်ကြာရင်တော့ဆမ်ဆမ်ဆိုတဲ့အနီရောင်ဂြိုဟ်ပေါ်ကကောင်လေးနဲ့

မက်ဂါဆိုတဲ့အစိမ်းရောင်ဂြိုဟ်သူမလေးတို့ရဲ့ဘဝကွာခြားပုံကိုသိသိသာသာမြင်ရမှာပါ။ ဆမ်ဆမ်ရဲ့မိဘတွေက သားသမီးကို

နားလည်မှုနဲ့ထိန်းကျောင်းပါတယ် မက်ဂါလေးကတော့ချုပ်ချယ်ခံရပါတယ် ဘာလို့ဆိုမက်ဂါ့အဖေကရက်စက်တဲ့ အာဏာရှင်ကြီး

မလို့ပါ။ မက်ဂါ့အဖေကြီးဟာ ကလေးတွေရဲ့ အပျော်အပါးကိစ္စတွေကိုမုန်းပါတယ်။ စကြဝဠာထဲမှာလူကြီးရောကလေးပါအစွမ်းတွေ

ရှိကြပါတယ်။ သူများကလေးတွေထက်အစွမ်းရနောက်ကျနေတဲ့ ဆမ်ဆမ်လေးဟာအိမ်ကိုလိမ်ပြောပြီးကျောင်းလာတက်တဲ့

မက်ဂါလေးနဲ့ခင်သွားပါတယ်။ ဒါပေမယ့်မက်ဂါကလူတိုင်းမုန်းတဲ့ဘုရင်ကြီးရဲ့သမီးဆိုတာသိသွားကြတဲ့အခါမှာတော့ ဇာတ်လမ်း

လေးဟာ အချိုးအကွေ့လေးတွေနဲ့ကြည့်ကောင်းပါတယ်။ အခုပြောပြခဲ့တဲ့ အထဲမှာ ဇာတ်လမ်းရဲ့ ကြည့်လို့ကောင်းတဲ့ အပိုင်းတွေ

ကိုထည့်မပြောထားသေးဘူးမို့ Spoil လုံးဝမဖြစ်စေသလို . ဇာတ်လမ်းလေးဟာ အတော်ကိုကြည့်လို့ကောင်းပါတယ်။ တူ တူမ သားသား

မီးမီးလေးတွေကတော့ အကြိုက်ပေါ့နော်။

Crd:Channel Myanmar

Leave a Reply