Synopsis
Soorarai Pottru (2020)
=====================
မာဒူရိုင်ဆိုတဲ့ တောရွာလေးက မာရာဆိုတဲ့ လေတပ်ထွက်ကောင်လေးတစ်ယောက်မှာ သူများတွေမက်ရဲမှာမဟုတ်တဲ့ အိပ်မက်တစ်ခုရှိတယ်။
အဲ့ဒါက သူလေယာဉ်စီးသလို သူများတွေလည်းစီးနိုင်ရမယ်ဆိုတဲ့အိပ်မက်။
အဲ့အိပ်မက်နဲ့ သူက လေကြောင်းလိုင်းတစ်ခုကို တည်ထောင်ဖို့လုပ်တဲ့အခါမှာ….
ရင်းနှီးမြှုပ်နှံသူတွေက မင်းကရူးနေတာလားလို့ ပြောပြီး ငြင်းကြတာလည်း ဘဏ်ပေါင်း ၂၄ ဘဏ်ရှိနေပြီ။
သူစံထားရတဲ့သူဆီကို ပါတနာအဖြစ်လက်တွဲလုပ်ချင်လို့ သွားတွေ့သော်လည်း အနှိမ်ခံရသောအခါ….
ဘာတွေဆက်ဖြစ်မလဲ။
အခက်အခဲတွေဘယ်လိုကျော်ဖြတ်မလဲ။
သူ့ကိုနှိမ်ခဲ့တဲ့သူတွေကို ဘယ်လိုလုပ်ပြသွားမလဲဆိုတာကို စောင့်ကြည့်လိုက်ကြပါ။
မင်းသားကြီး Suriya ကိုယ်တိုင် Producer အနေနဲ့ရော မင်းသားအနေနဲ့ပါ ရိုက်ကူးထားတဲ့ ဇာတ်ကားဆိုတော့ ကြည့်ဖြစ်အောင် ကြည့်သင့်ကြောင်းပါ
IMDB ကလည်း 9.1/10ဆိုတော့ မိုက်နေပြီနော်။
Crd:Gold Channel