Download video

The Battleship Island (2017)

0 views
0%

Synopsis

The Battleship Island (2017)
============================

2017 ​လောက်ကထွက်ရှိခဲ့တဲ့ The Battleship Island ဆိုတဲ့ ကိုရီးယားကား​လေးကို မှတ်မိလိုက်ကြလား။ အဲ့ဒီအချိန်က ဒီဇာတ်ကားထဲက မင်းသား Song Joong Ki က သူနဲ့အတူတူ Dots လို့အများစုသိကြတဲ့ Descendants of the Sun ရဲ့ မင်းသမီး​ချော Song Hye Kyo နဲ့ ပူပူ​နွေး​နွေးလက်ထပ်ပြီးကာစ​ပေါ့။ အခု​တော့လဲ အ​ကြောင်းအမျိုးမျိုး​ကြောင့်နဲ့ ကွဲသွားပါပြီ။ ထားပါ​လေ ရုပ်ရှင်အ​ကြောင်း​လေးကိုသွားရ​အောင်။

ရုပ်ရှင်က ကြည့်လိုက်ရင်သိသွားမှာဆို​တော့ အများစုမသိတဲ့ မှတ်တမ်းမှတ်ရာ​လေး​တွေကို အရင်​ပြောပြမယ်။ ဒီကားက စစချင်းရုံတင်တဲ့ ညပွဲမှာပဲ ကြည့်ရှုသူ ၉၇၀၅၁၆​ယောက်​တောင် ရှိခဲ့ပြီး အရင်စံချိန်တင်ထားတဲ့ Train to Busan ကိုပါ ​ကျော်လွန်ပြီး​တော့ ဝက်ဝက်ကွဲ​အောက်မြင်ခဲ့ပါတယ်။ 2017 July 26 ​ရက်​နေ့မှာထွက်ခဲ့ပြီး​တော့ ပထမဆုံးပိတ်ရက်(July 28 က​နေ 30) မှာ လက်မှတ်က 2.5 မီလီယံအထိ​ရောင်းချခဲ့ရပါတယ်။ ပထမဆုံး ၅ ရက်မှာလည်း ၄ မီလီယံအထိကို ခုန်တက်သွားခဲ့ပါတယ်။ ဒီ​လောက်​တောင် ​အောင်မြင်မှုရတယ်ဆို​တော့လဲ မ​ကောင်းစရာကိုမရှိတာပါ။ တကယ်လဲ​ကောင်းခဲ့ပါတယ်။

ဇာတ်လမ်းအကျဥ်း​လေးကို​ပြောရမယ်ဆိုရင်​တော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကိုရီးယားအလုပ်သမား ၄၀၀ ​က ဂျပန်နိုင်ငံ Hashima ကျွန်း​ပေါ်က ​ကျောက်မီး​သွေးတွင်းမှာအတင်းအဓမ္မ အလုပ်ခိုင်း​စေခြင်းကို ခံရပါတယ်။ ဒီ​ချွေးတပ်စခန်းက​ အလုပ်သမား​ ၄၀၀ က​ တော်လှန်​ရေးလုပ်ပြီး​တော့ အ​သေခံတိုက်ပွဲဝင်ပြီး​ပြေးကြပါတယ်။

သူတို့ရဲ့တိုက်ပွဲမှာ ကျဆုံး​မှု​တွေရှိမလား ​အောင်မြင်မှာလားဆိုတာက​တော့ ထွက်တာကြာ​နေ​ပေမဲ့ မကြည့်ရ​သေးတဲ့သူ​တွေအတွက်​တော့ ဇာတ်လမ်းတိုင်းကအသစ်ပဲဆို​တော့ စစ်ကားနဲ့ပတ်သက်တာ​တွေ သမိုင်း​ကြောင်းနဲ့ ပတ်သက်တာ​တွေကိုကြိုက်တဲ့ ကိုကိုမမ​တွေ ခံစား​ပေးကြပါဦး။ ဒါနဲ့ ကြည့်ပြီးသားသူ​တွေကလဲ မင်းသား​လေး​ချောလို့ကြည့်တယ်ပဲဖြစ်ဖြစ် ရုပ်ရှင်​လေးသ​ဘောကျလို့ပဲဖြစ်ဖြစ် ​စောင်ကိုက်ရမဲ့ကားမျိုးမဟုတ်​ပေမဲ့လဲ အား​ပေး​ကြပါဦးလို့ပဲ တိုက်တွန်းပါရ​စေ။

Crd:Gold Channel

Leave a Reply