Download video

The Cat (2011)

0 views
0%

2011 က ထွက်ရှိခဲ့တဲ့ The Cat ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ် ။
ဒီဇာတ်ကားထဲမှာတို့ ပရိတ်သတ်တို့ရဲ့ အချစ်တော် မင်းသမီးလေး Park Min Young က ဆိုယွန်း ဆိုတဲ့ ဇာတ်ကောင်နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းဆိုယွန်းက ပိတ်လှောင်မှုကို ကြောက်ရွံတဲ့ ရောဂါရှိတာကြောင့် ကုသမှုခံယူနေရတာပါ ၊သူမက ကြောင်လေးတွေကို ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး pet shop တစ်ခုမှာ အလုပ်လုပ်ကိုင်ပါတယ် ၊



တစ်ရက်မှာတော့ သူတို့ဆိုင်နားက တိုက်ခန်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြောင်ကို ပြင်ဆင်ပေးရင်းနဲ့
မှန်ထဲမှာ ဆံပင်ကုတ်ဝဲလေးနဲ့ ကလေမလေး တစ်ယောက်ကို သူမ မြင်လိုက်ရပါတယ် ၊အဲ့နောက် ကြောင်ကိုပြန်လာခေါ်သွားတဲ့ ကြောင်ပိုင်ရှင်လည်း ဓာတ်လှေကားထဲမှာသေဆုံးနေခဲ့ပါတယ် ၊နောက်ရက်တွေ သိပ်မကြာမီမှာပဲ ကြောင်တစ်ကောင်ကို မွေးစားမိတဲ့ ဆိုယွန်းရဲ့ သူငယ်ချင်းလည်း သူမ ကြောင်ရဲ့ဘေးမှာ ဆံပင်ကုတ်ဝဲနဲ့ ကလေးမလေးကို မြင်ပြီးနောက် ထပ်မံသေဆုံးသွားခဲ့ပါတယ် ။



ဒီကြောင်တွေကို မွေးစားမိတဲ့ လူတွေဟာ အသက်အန္တရာယ်တွေ ဆက်တိုက် ကြုံနေရတာကြောင့် လူတွေက ဒီကြောင်တွေက ကျိန်စာသင့်နေတာလို့ ထင်နေကြပါတယ် ။ကြောင်တွေက တကယ်ပဲ ကျိန်စာသင့်နေတာလား…
ကြောင်တွေဘေးနားက ကလေးမလေးကရော ဘယ်သူဖြစ်မလဲ…
ဘာလို့ ဒီကြောင်တွေနားမှာ တွယ်ကပ်နေတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
Crd:Channel Myanmar


About the author: manager
Tell us something about yourself.
Advertisements
From:
Date: June 16, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet