Download video

The Villainess (2017)

0 views
0%

ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ The Villainess ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်

ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေကိုကြည့်ချင်တဲ့သူတွေအတွက်ကတော့လုံးဝကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။



ဇာတ်လမ်းရဲ့အစမှာဂိုဏ်းတစ်ဂိုဏ်းလုံးကိုအမျိုးသမီးတစ်ယောက်တည်းကအပြတ်ရှင်းသွားခဲ့တယ်။ ထိုအမျိုးသမီးကတော့ဆုဟီပါပဲ။ အကုန်လုံးကိုရှင်းပြီးသွားတဲ့နောက်မှာရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။

တစ်ဖက်မှာလည်းဒီအဖြစ်အပျက်တွေအကုန်လုံးကိုသိသွားတဲ့အေဂျင်စီတစ်ခုကဆုဟီကိုအသုံးချချင်နေခဲ့တယ်။

ဆုဟီသတိရလာတဲ့အချိန်မှာအခန်းတစ်ခုထဲကိုရောက်နေခဲ့တယ်။ ပြောရရင်သူ့ကိုလိုချင်နေတဲ့ဂိုဏ်းဆီကိုရောက်သွားခဲ့တယ်။ ဒီ



ထဲကနေလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမယ့်ပြန်ပြီးအဖမ်းခံလိုက်ရပြန်တယ်။

သေရမှာမကြောက်တဲ့ဆုဟီဟာသူ့ဗိုက်ထဲမှာကလေးလေးရှိနေပြီဆိုတော့အသက်ဆက်ရှင်ချင်ခဲ့တယ်။

အဲ့လိုနဲ့အေဂျင်စီမှာထရိန်နင်တွေဆင်းရင်းမစ်ရှင်တွေဆောင်ရွက်ဖို့ဖြစ်လာခဲ့တယ်။

မစ်ရှင်အောင်မြင်တာနဲ့သာမန်လူအဖြစ်နေထိုင်ခွင့်ရမယ့်ဆုဟီဟာမစ်ရှင်ကိုအောင်မြင်ခဲ့တယ်။



ဆုဟီဟာသူ့သမီးလေးနဲ့အတူတူသာမန်လူအဖြစ်နေသွားတော့မယ့်အချိန်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ။

မျက်စိရှေ့မှာတင်အဖေဖြစ်သူအသတ်ခံလိုက်ရတဲ့ဆုဟီဟာအတိတ်ကိုမေ့ပစ်ပြီးသာမန်လူအဖြစ်ဆက်ပြီးနေနိုင်သွားမှာလား။

အဖေဖြစ်သူအတွက်ရောလက်စားချေပေးနိုင်မလား……….ဆိုတာကို The Villainess မှာဆက်ကြည့်လိုက်ရအောင်နော်။

လုံးဝ ကြမ်းကြမ်းရမ်းရမ်း Action Drama ဇာတ်ကားကောင်းပါ။
Crd:Gold Channel


About the author: manager
Tell us something about yourself.
Advertisements
From:
Date: May 12, 2020
Actors: Ok-bin Kim

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet