Download video

Traffic (2000)

0 views
0%

ဒီတစ်​ခေါက်​တင်​ဆက်​ပေးမယ့်​ဇာတ်​လမ်း​လေးက​တော့​အော်​စကာဆု ၄ခုရရှိထားတဲ့ Traffic ဆိုတဲ့ မှုခင်းဇာတ်​လမ်း​လေးပဲဖြစ်​ပါတယ်​။ ဒီဇာတ်​ကား​လေးမှာ​တော့ မူးယစ်​ဆေးဝါးကို​မှောင်​ခို​ရောင်းဝယ်​နေကြတဲ့ ကုန်​အဖွဲ့ကြီး​တွေ မူးယစ်​ဆေးဝါးဖြန့်​ဖြူး​ရောင်းချသူ​တွေနဲ့ မူးယစ်​ဆေးဝါးကူးသန်း​ရောင်းဝယ်​မှုကို တိုက်​ဖျက်​ဖို့ကြိုးစား​နေသူတွေကြားက မူးယစ်​ဆေးဝါးတိုက်​ပွဲကို​စိတ်​ဝင်​စားဖွယ်​တွေ့မြင်​ရမှာပါ။



ဒီဇာတ်​ကား​လေးထဲမှာ​တော့ မူးယစ်​ဆေးဝါးဂိုဏ်း​တွေကို ဖမ်းဆီးဖို့ကြိုးစားရင်း အထက်​လူကြီးတစ်​ဦးရဲ့ တားဆီးမှုကိုခံရပြီး​နောက်​နောက်​ကွယ်​ကဖြစ်​ရပ်​တွေကိုသိရှိသွားတဲ့ မက်​ဆီကိုနိုင်​ငံမှ ရဲအရာရှိ Javier အမျိုးသားမူးယစ်​ဆေးထိန်းချုပ်​ရေးအဖွဲ့မှာ ခန့်​ထားခံရပြီး မူးယစ်​ဆေးဝါးကုန်​သွယ်​နေတဲ့ ဂိုဏ်းကြီး​တွေကို နှိမ်​နင်းဖို့ကြိုးစား​နေတဲ့ တရားသူကြီး Robert Wakefield​ကျောင်းမှာ စာသာမက ဘက်​စုံ​တော်​တဲ့​ကျောင်းသူတစ်​ဦးဖြစ်​ပေမယ့်​မူးယစ်​သား​ကောင်​ဖြစ်​နေတဲ့ Caroline မူးယစ်​ဆေးဝါးဖြန့်​ဖြူးသူအဖြစ်​တရားစွဲခံထားရသူ ခင်​ပွန်းသည်​ကို အမှုမှလွတ်​ဖို့ နည်းမျိုးစုံနဲ့ ကြိုးစား​နေတဲ့ Helena မူးယစ်​ဂိုဏ်းကိုတရားဥပ​ဒေအရ အပြစ်​ပေးခံရဖို့ကြိုးစား​နေရင်း မိတ်​ဆွေရဲ​ဘော်​ကိုဆုံးရှုံးလိုက်​ရတဲ့ အ​မေရိကန်​ရဲအရာရှိ Moty စတဲ့ဇာတ်​ကောင်​တွေရဲ့ မတူညီတဲ့ရုန်းကန်​မှု​တွေကို​တွေ့ရမှာပဲဖြစ်​ပါတယ်​။



မူးယစ်​ကုန်​သည်​ဂိုဏ်းကြီး​တွေနဲ့ မူးယစ်​ဆေးဝါးကိုတိုက်​ထုတ်​ဖို့ကြိုးစား​နေတဲ့ သူတို့အကြား အစိုးရဘက်​ကပဲ မူးယစ်​ဂိုဏ်း​တွေကိုအနိုင်​ရသွားမလား မူးယစ်​ဆေးဝါးကုန်​သည်​တွေကို တရားဥပ​ဒေအတိုင်းအပြစ်​ပေးသွားနိုင်​မလား တိုင်းပြည်​အတွင်း မူးယစ်​ဆေးဝါးသုံးစွဲမှု​လျော့ကျ​အောင်​တိုက်​ပွဲဝင်​နေတဲ့ Wakefield တစ်​ယောက်​သမီးဖြစ်​သူရဲ့​ဘဝကို​ရော ကယ်​တင်​ပေးနိုင်​ပါ့မလား ဆိုတာကို စိတ်​ဝင်​စားဖွယ်​မြင်​တွေ့ရမယ့်​ဇာတ်​ကား​လေးမို့ ကြည့်​ရှုကြဖို့ ညွှန်းဆိုလိုက်​ပါတယ်​။
Crd:Channel Myanmar


About the author: manager
Tell us something about yourself.
Advertisements
From:
Date: June 29, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet