Download video

Under the Riccione Sun (2020)

0 views
0%

Synopsis

Under the Riccione Sun (2020)
******************************

ဒီတခါတင်ဆက်ပေးမယ့်ကားလေးကတော့ လူငယ်တို့ရဲ့အချစ်ရေးအချစ်ရာကိစ္စလေးတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ တင်ဆက်ထားတဲ့ comedy, drama romanceတို့ ပေါင်းစည်းတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

ဒီကားလေးမှာတော့ Riccioneဆိုတဲ့ အီတလီက ကမ်းခြေ​တခုဟာ နွေရာသီဆို လူသွားလူလာများပြီး ဆယ်ကျော်သက်တို့ရဲ့ အပန်းဖြေရာ နေရာလေးတစ်ခုဖြစ်ပါတယ်။ ထိုကမ်းခြေသို့ အဆိုတော်အဖြစ်အောင်မြင်ကျော်ကြားချင်တဲ့ ကောင်လေးတစ်ယောက်၊ ၅နှစ်လောက်crushနေခဲ့ရတဲ့ ကောင်မလေးကို ဖွင့်မပြောရဲဖြစ်နေ​တဲ့ကောင်လေးတစ်ယောက်၊ နောက်ပြီး မွေးကတည်းက မျက်မမြင်အဖြစ်မွေးဖွားလာပြီး အချစ်ကို လုံးဝမထိတွေ့ဖူးသေးတဲ့ကောင်လေးတယောက် စတဲ့ ဆယ်ကျော်သက်​လေးများ ဒီကမ်းခြေတခုထဲကို စုစည်းရောက်လာတဲ့အခါ… ထိုကောင်လေးတို့ရဲ့ ဖူးစာရှင်တွေကလည်း ဒီကမ်းခြေကိုရောက်လာသောအခါ… တယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီကြရင်း လှပတဲ့အချစ်လေးတွေ တည်ဆောက်ကြပုံကို ရသမျိုးစုံနဲ့တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတကား ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ချစ်ခြင်းအပြင် လူရွယ်မျိုုးစုံရဲ့ ချစ်ခြင်းသဘောသဘာဝလေးတွေကိုလည်း ဖော်ပြထားတာဖြစ်လို့ ရီလိုက်မောလိုက် ခံစားလိုက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးလေးနဲ့ လူငယ်လူရွယ်တို့ရဲ့ ​အချစ်ရသကို​ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးမလို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

Crd:Gold Channel

About the author: manager
Tell us something about yourself.
From:
Date: July 27, 2020

Get involved!

Get Connected!

Come and join our community. Expand your network and get to know new people!

Comments

No comments yet